ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများကြောင့် သက်ရှိသတ္တဝါများအား ဘေးအန္တရာယ်ဖြစ်စေခြင်းနှင့် သဘာဝပတ်ဝန်းကျင် အရင်းအမြစ်များကို ထိခိုက်ပျက်စီးစေခြင်းမှ ကာကွယ်ရန်၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာလုပ်ငန်းကို ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရာတွင် အန္တရာယ်ကင်းရှင်းစေရေး အတွက် စနစ်တကျကြီးကြပ် ကွပ်ကဲရန်နှင့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို စနစ်တကျ သုံးစွဲစေရေးအတွက် ပညာပေးလုပ်ငန်းနှင့် သုတေသနလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန်နှင့် သတင်းအချက်အလက်များ ရယူသောစနစ်ကို ဆောင်ရွက်ရန်တို့အတွက် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေကို ၂၀၁၃ ခုနှစ် တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၈ ဖြင့် ပြဌာန်းခဲ့ပါသည်။
ဓာတုပစ္စည်းဆိုသည်မှာ လူနှင့်တိရစ္ဆာန်တို့၏ ကျန်းမာရေးကိုသော်လည်းကောင်း၊ အသက်ကိုသော်လည်းကောင်း အန္တရာယ်ဖြစ်စေသည့် သို့မဟုတ် သဘာဝပတ်ဝန်းကျင်အား ဆိုကျိုးစက်ရောက်မှုဖြစ်စေသည့် သဘာဝအရဖြစ်စေ၊ လူတို့ပြုလုပ်ဖန်တီးရာမှဖြစ်စေ၊ ထွက်ပေါ်လာသောဓာတုဒြပ်စင်၊ ဒြပ်ပေါင်းနှင့် ဒြပ်နှောများကိုဆိုသည်။ ယင်းစာကားရပ်တွင် ဓာတုဒြပ်စင်၊ ဒြပ်ပေါင်းနှင့် ဒြပ်နှောများကို နည်းပညာအရ ဓာတ်ပြုပေါင်းစပ်ခြင်းဖြင့် ရရှိသော အခိုး၊ အငွေ့၊ အရည်၊ အဆီနှင့် အစိုင်အခဲစွန့်ပစ်ပစ္စည်းများလည်း ပါဝင်သည်။
ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများကြောင့် ကျန်းမာရေးဆိုင်ရာအန္တာရယ်များမှာ
(က) ချက်ချင်းအဆိပ်သင့်မှုဖြစ်ခြင်း၊
( ခ) မျက်စိပြင်းထန်စွာ ပျက်စီးခြင်း၊ ယားယံခြင်း၊
( ဂ) ကင်ဆာဖြစ်စေနိုင်ခြင်း၊
(ဃ) မျိုးရိုးဗီဇပြောင်းလဲခြင်း၊
( င) မျိုးပွားမှုအဆိပ်သင့်ခြင်း၊
( စ) ကိုယ်အဂါင်္ အစိတ်အပိုင်းတစ်ခုခုကို အဆိပ်သင့်ခြင်း (တစ်ကြိမ်/အကြိမ်ကြိမ်)၊
(ဆ) အသက်ရှုလမ်း ကြောင်းကို ထိခိုက်ခြင်း၊
( ဇ) အရေပြားထိခိုက်လွယ်ခြင်း။
တို့ဖြစ်ပေါ်စေနိုင်ပါသည်။
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်လိုသူသည် လိုင်စင် ရရှိရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်နှင့်တကွ သတ်မှတ်ချက်များနှင့်အညီ ဗဟို ကြီးကြပ်ရေး အဖွဲ့သို့ လျှောက်ထားရမည် ဖြစ်ပါသည်။
ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၁၆၊ ၁၇၊ ၂၆၊ ၂၇ တို့တွင်
၁၆။ လိုင်စင်ရရှိသူသည်-
(က) လိုင်စင်ပါ စည်းကမ်းချက်များကို လိုက်နာရမည်။
(ခ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ကိုင်တွယ် အသုံးပြုရာတွင် အန္တရာယ်ကင်းရှင်းစေရေး အတွက် ညွှန်ကြားချက်များကို မိမိကိုယ်တိုင် လိုက်နာရမည့်အပြင် လုပ်ငန်းတွင် တာဝန် ထမ်းဆောင်သူများက တိကျစွာလိုက်နာစေရန်လည်း ဆောင်ရွက်ရမည်။
(ဂ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းတွင် လိုအပ်သော လြုံခံရေးကိရိယာများ လုံလောက်စွာထားရှိ ရမည့်အပြင် လုပ်ငန်းတွင်တာဝန် ထမ်းဆောင်သူများအား
ကိုယ်ခန္ဓာ ကာကွယ်ရေးကိရိယာနှင့် ဝတ်စုံများကို အခမဲ့ ထုတ်ပေးရမည်။
(ဃ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းတွင် တာဝန်ထမ်းဆောင်သူများအား လုပ်ငန်းခွင်လြုံခံရေး ကိရိယာ၊ ကိုယ်ခန္ဓာ ကာကွယ်ရေးကိရိယာနှင့် ဝတ်စုံများကို စနစ်တကျ
သုံးစွဲတတ်စေရန် သင်တန်းပေးခြင်း၊ လေ့ကျင့်သင်ကြား ပေးခြင်းနှင့် လိုအပ်သလို ညွှန်ကြားခြင်းများပြုရမည်။
(င) လူနှင့် တိရစ္ဆာန်များ၏ ကျန်းမာရေးကို လည်းကောင်း၊ ပတ်ဝန်းကျင်ကို လည်းကောင်း ဘေးအန္တရာယ် ထိခိုက်နိုင်မှု ရှိ မရှိနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့နှင့်
စစ်ဆေးရေးအဖွဲ့များ၏ စစ်ဆေးခြင်းကို ခံယူရမည်။
(စ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းတွင် တာဝန်ထမ်းဆောင်မည့် သူများအား ကျန်းမာရေး စစ်ဆေးပေးပြီး ယင်းလုပ်ငန်းတွင် လုပ်ကိုင်ရန် ကျန်းမာရေးနှင့်
ညီညွတ်ကြောင်း ထောက်ခံချက်ရရှိမှသာ တာဝန်ထမ်း ဆောင်ခွင့်ပြုရမည်။ ယင်းတို့၏ ကျန်းမာရေးစစ်ဆေးချက် မှတ်တမ်းများကို စနစ်တကျ ထိန်းသိမ်းထားရှိရမည်။
(ဆ) အန္တရာယ်ရှိနိုင်သော ဓာတုပစ္စည်း သို့မဟုတ် ဆက်စပ်ပစ္စည်းများကို သိုလှောင်ခွင့် ရရှိပါက ခွင့်ပြုသည့် အကြောင်းကြား စာမိတ္တူကို သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ ပေးပို့ရမည်။
(ဇ) မီးဘေးအန္တရာယ်ဖြစ်စေတတ်သည့် ပစ္စည်း သို့မဟုတ် ပေါက်ကွဲစေတတ်သည့် ပစ္စည်းများကို အသုံးပြု၍ မီးဘေးအန္တရာယ်စိုးရိမ်ရသော လုပ်ငန်းလုပ်ကိုင်ပါက သက်ဆိုင်ရာ မီးသတ်ဦးစီးဌာန၏ လမ်းညွှန်သဘောတူညီချက် ကြိုတင်ရယူရမည်။
(ဈ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို ပြည်တွင်းတွင် သယ်ယူ ပို့ဆောင်သည့်အခါ တ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ခွင့်ြုပထားသော ပမာဏကိုသာ သယ်ဆောင်ရမည်။
(ည) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို လိုင်စင်ပါ နေရာ ဒေသတစ်ခုခုမှ အခြားနေရာ ဒေသတစ်ခုခုသို့ ပြောင်းလဲပြီး သယ်ယူပို့ဆောင်ရန်ရှိပါက ဗဟိုကြီးကြပ်ရေးအဖွဲ့ထံမှ ခွင့်ပြုချက် ရယူရမည်။
(ဋ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင်ရာတွင် ပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်းမရှိစေရန် ပတ်ဝန်းကျင်နှင့် သက်ဆိုင်သော ဥပဒေများနှင့်အညီ
လိုက်နာ ဆောင်ရွက်ရမည်။
၁၇။ လိုင်စင်ရရှိသူသည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းနှင့် စပ်လျဉ်း၍ လူနှင့် တိရစ္ဆာန်တို့ကိုသော်လည်းကောင်း၊ ပတ်ဝန်းကျင်ကိုသော်လည်းကောင်း ထိခိုက်ဆုံးရှုံးမှု ဖြစ်ပေါ်ပါက လျော်ကြေး ပေးနိုင်ရေးအတွက် သတ်မှတ်ချက်များနှင့်အညီ အာမခံထားရှိရမည်။
၂၆။ မှတ်ပုံတင်ခွင့်ရရှိထားသော ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများသည် ပြည်တွင်းပြည်ပမှ ထပ်မံရရှိသည့် အချက်အလက်များအရ လူ၊ တိရစ္ဆာန်နှင့်ပတ်ဝန်းကျင်အား အန္တရာယ်ဖြစ်စေနိုင်သည်ဟု သိရှိရပါက ဗဟိုကြီးကြပ်ရေးအဖွဲ့သည် ထိုဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုကို တားမြစ်ရမည်။ လိုအပ်ပါက မှတ်ပုံတင် လက်မှတ်ကိုရုပ်သိမ်းခြင်းပြုနိုင်သည်။
၂၇။ လိုင်စင်ရရှိသူများသည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ အန္တရာယ်ကို ထိန်းချုပ် ကာကွယ်ရန်နှင့် လျော့ပါးစေရန် အောက်ပါတို့ကို လိုက်နာစေရမည်-
(က) အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် အန္တရာယ်အဆင့်ကို ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၏ ဂုဏ်သတ္တိများအရ အမျိုးအစားခွဲခြားခြင်း၊
(ခ) အန္တရာယ်ကင်းရှင်းမှုအဆင့် မှတ်တမ်းလွှာနှင့် အန္တရာယ်သတိပေး အမှတ်အသားတို့ကို ဖော်ပြခြင်း၊
(ဂ) မတော်တဆဖြစ်ပွားမှုကာကွယ်ရန်နှင့် လျော့ပါးစေရန် လြုံခုံရေးကိရိယာများ၊ ကိုယ်ခန္ဓာ ကာကွယ်ရေး ကိရိယာများထားရှိခြင်းနှင့် စနစ်တကျသုံးစွဲတတ်စေရန် သင်တန်းများ
တက်ရောက်စေခြင်း၊
(ဃ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို သယ်ယူပို့ဆောင်ခြင်း၊ လက်ဝယ် ထားရှိခြင်း၊ သိုလှောင်ခြင်း၊ သုံးစွဲခြင်း၊ စွန့်ပစ်ခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီဆောင်ရွက်ခြင်း၊
(င) ဗဟိုကြီးကြပ်ရေးအဖွဲ့က တားမြစ်ပိတ်ပင်ထားသော ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၊ ယင်းတို့ကို ထည့်သွင်းအသုံးပြုသော စက်ကိရိယာများကို ပြည်တွင်းသို့ တင်သွင်းမှု သို့မဟုတ် ပြည်ပသို့ တင်ပို့မှု မပြုခြင်း။
ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေးနည်းဥပဒေများ ၅၆၊ ၅၇၊ ၅၈ တို့ အရ
လိုင်စင်ရရှိသူသည် လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေသူများအတွက် ဓာတုပစ္စည်းနှင့်
ဆက်စပ်ပစ္စည်းများအန္တရာယ်မှ အကာအကွယ်ပေးနိုင်သော အောက်ပါပစ္စည်းကိရိယာများ ထားရှိရမည့်အပြင် စနစ်တကျသုံးစွဲတတ်စေရန် သင်တန်းများတက်ရောက်စေရမည်-
(က) ဓာတ်ငွေ့ကာ အသက်ရှူ ကရိယာ၊
( ခ) မီးဘေးလုံခြုံရးဆိုင်ရာပစ္စည်းကိရိယာ၊
( ဂ) ဓာတ်ခွဲခန်းနှင့် လုပ်ငန်းခွင်သုံးဝတ်စုံများ၊
(ဃ) မျက်လုံးကာများ၊
( င) မျက်နှာဖုံးကာများ၊
( စ) လုံခြုံရေးဖိနပ်များ၊
(ဆ) လက်အိတ်များ၊
( ဇ) လုပ်ငန်းအခြေအနေအရ လိုအပ်သော အခြားအန္တရာယ်ကာကွယ်ရေးပစ္စည်းများ။
၅၇။ လိုင်စင်ရရှိသူသည် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ မီးလောင်ပေါက်ကွဲခြင်း၊ ပတ်ဝန်း
ကျင်သို့ မလိုလားအပ်သည့်အနေအထားဖြင့်ပျံ့နှံ့ခြင်းတို့ မဖြစ်ပေါ်စေရန်နှင့် ဖြစ်ပေါ်လာပါက
အန္တရာယ်ကင်းရှင်းစေရေးအတွက် ဆောင်ရွက်ရမည့်အချက်အလက်များကို လိုအပ်သလိုညွှန်ကြား၍ ကြီးကြပ်ဆောင်ရွက်ရမည်။
၅၈။ လိုင်စင်ရရှိသူသည် လုပ်ငန်းခွင်ရှိ အလုပ်လုပ်ကိုင်နေသူများ မတော်တဆဖြစ်ပွားမှုမှ
ကာကွယ်ရန်နှင့် လျော့ပါးစေရန် အောက်ပါအတိုင်းစီမံထားရမည်-
(က) အလုပ်လုပ်ကိုင်မည့်သူများ အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးထိခိုက်မှုမှ
ကာကွယ်ရေးတို့အတွက် ထိရောက်သောထိန်းချုပ်မှုပြု၍ လူဦးရေအနည်းဆုံးဖြင့်
အလုပ်လုပ်ကိုင်ဆောင်ရွက်စေရန်၊ မဖြစ်မနေထိတွေ့ဆောင်ရွက်ရန် လိုအပ်သည့်အချိန်နှင့် ထိတွေရမည့် အန္တရာယ်ရှိပစ္စည်းများ၏ အနည်းဆုံးပမာဏဖြစ်စေရန် တိကျစွာ သတ်မှတ်ဆောင်ရွက်ခြင်း၊
( ခ) လုပ်ငန်းခွင်တွင် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများသုံးစွဲရာ၌ အန္တရာယ်
ကင်းရှင်းစေရေးနှင့်စပ်လျဉ်း၍ အလုပ်လုပ်ကိုင်သူများနှင့် အနီးကပ်ကြီးကြပ်
ပူးပေါင်းဆောင်ရွက်ခြင်း၊
( ဂ) မတော်တဆဖြစ်ပွားမှုနှင့် ထူးခြားသော အခြေအနေများတွင် ချက်ချင်းစီမံ
ဆောင်ရွက်နိုင်ရန် လွယ်ကူလျင်မြန် ထိရောက်သော ဆက်သွယ်ရေးစနစ်များနှင့်
အစီအမံများကိုကြိုတင်ပြင်ဆင်ဆောင်ရွက်ထားခြင်း၊
(ဃ) အလုပ်လုပ်ကိုင်သူများ၏ ကိုယ်ခန္ဓာသန်ရှင်းရေးအတွက် လိုအပ်သော ဆပ်ပြာ၊
ဆပ်ပြာရည်၊ သန့်စင်ဆေးရည်၊ လေမှုတ်စက်စသည့် အထောက်အပံ့ပစ္စည်းများနင့် ရှေးဦးသူနာပြု ဆေးသေတ္တာများ ထားရှိခြင်း၊
( င) အလုပ်လုပ်ကိုင်သူများကို ကိုယ်ခန္ဓာကာကွယ်ရေးကိရိယာနှင့် ဝတ်စုံများ
လုံလောက်စွာ စီစဉ်ပေးပြီး ယင်းတို့ကိုသုံးစွဲတတ်စေရန် လေ့ကျင့်မှုများပြုလုပ်၍
လုပ်ငန်းခွင်တွင် မှန်ကန်စွာ သုံးစွဲစေခြင်း၊
( စ) လုပ်ငန်းခွင်တွင် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများသုံးစွဲရာ၌ အန္တရာယ်
ကင်းရှင်းရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များကို အလုပ်လုပ်ကိုင်
သူများအား သင်ကြားလေ့ကျင့်ပေးရမည့်အပြင် အစဉ်အမြဲသတိပေးခြင်း၊
(ဆ အန္တရာယ်ရှိပစ္စည်းများ၏ အန္တရာယ်သတိပေးအမှတ်အသားများကို ထင်ရှားသော
နေရာများ၌ ချိတ်ဆွဲထားရှိခြင်း၊
( ဇ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို အန္တရာယ်ဖြစ်နိုင်သည့်အဆင့်အတိုင်း
သီးခြား ခွဲခြားထားရှိခြင်း၊
(ဈ) အလုပ်လုပ်ကိုင်နေသူများ လွတ်လပ်စွာ လုပ်ကိုင်နိင်ရေးအတွက် ဖြတ်သန်းသွား
လာရာတွင် လုံလောက်သောအကျယ်အဝန်းနှင့် အန္တရာယ်ဖြစ်စေသော အရာဝတ္ထုများမှ ကင်းရှင်းသည့် လုပ်ငန်းခွင်ဖြစ်စေရန် စီမံထားရှိခြင်း၊
(ည) မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရေးစနစ်၊ မီးငြိမ်းသတ်ရေးစနစ်နှင့်
ပစ္စည်းကိရိယာများ လုံလောက်စွာထားရှိခြင်းနှင့် အရေးပေါ်ထွက်ပေါက်များ
ထားရှိခြင်း။
ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၃၀၊ ၃၃၊ ၃၄၊ ၃၅၊ ၃၆၊ ၃၇ နှင့် ၃၈ တို့တွင်
ဗဟိုကြီးကြပ်ရေးအဖွဲ့သည် လိုင်စင်ရရှိသူက လိုင်စင်ပါစည်းကမ်းချက် တစ်ရပ်ရပ်ကို ဖြစ်စေ၊ မှတ်ပုံတင်လက်မှတ်ရရှိသူက မှတ်ပုံတင်ပါ စည်းကမ်းချက် တစ်ရပ်ရပ်ကို ဖြစ်စေ ဖောက်ဖျက်ကြောင်း သော်လည်းကောင်း၊ လိုင်စင်ရရှိသူနှင့် မှတ်ပုံတင်ရရှိသူတို့က ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများပါ သက်ဆိုင်ရာ စည်းကမ်းချက်တစ်ရပ်ရပ်ကိုဖြစ်စေ ဖောက်ဖျက်ကြောင်း သို့မဟုတ် လိုက်နာရန် ပျက်ကွက်ကြောင်း စစ်ဆေး တွေ့ရှိလျှင်သော်လည်းကောင်း အောက်ပါစီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-
(က) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းကိုယာယီရပ်ဆိုင်းခြင်း၊
(ခ) ဒဏ်ကြေးငွေ ပေးဆောင်စေ၍ လိုအပ်ချက်များကိုပြုပြင်စေပြီး ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းကို ဆက်လက်လုပ်ဆောင်ခွင်ပြုခြင်း၊
(ဂ) လိုင်စင်နှင့် မှတ်ပုံတင်လက်မှတ်တို့ကို ပယ်ဖျက်ခြင်း။
တားမြစ်ချက်များ
၃၃။ မည်သူမျှ ဗဟိုဦးစီးအဖွဲ့က တားမြစ်ပိတ်ပင်ထားသည့် ဓာတုပစ္စည်း သို့မဟုတ် ဆက်စပ်ပစ္စည်းကို ထုတ်လုပ်ခြင်း၊ ပြုပြင်ဖော်စပ်ခြင်း၊ သုံးစွဲခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ပြည်ပမှ တင်သွင်းခြင်း သို့မဟုတ် ပြည်ပသို့တင်ပို့ခြင်း မပြုရ။
၃၄။ မည်သူမျှ လိုင်စင်မရှိဘဲ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းကို လုပ်ကိုင်ခြင်း မပြုရ။
၃၅။ မည်သူမျှ မှတ်ပုံတင်ထားခြင်းမရှိသော သို့မဟုတ် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ပြီးဖြစ်သော သို့မဟုတ် အရည်အသွေး စံချိန်စံညွှန်းမမီသော ဓာတုပစ္စည်း သို့မဟုတ် ဆက်စပ်ပစ္စည်းများကို ဓာတု ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းတွင် သုံးစွဲခြင်း မပြုရ။
၃၆။ မည်သူမျှ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းနှင့်စပ်လျဉ်း၍ ဗဟိုကြီးကြပ်ရေး အဖွဲ့၊ ကြီးကြပ်ရေးအဖွဲ့နှင့် စစ်ဆေးရေးအဖွဲ့များက စစ်ဆေးခြင်းကို ဆောင်ရွက်ရာတွင် တားဆီး ပိတ်ပင်ခြင်းသို့မဟုတ် ဟန့်တားနှောင့်ယှက်ခြင်း မပြုရ။
ပြစ်မှုနှင့် ပြစ်ဒဏ်များ
၃၇။ မည်သူမဆို ပုဒ်မ ၃၃ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ခုနစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်ပြင် ပြစ်မှုနှင့် သက်ဆိုင် သော ပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။
၃၈။ မည်သူမဆို ပုဒ်မ ၃၄ နှင့် ၃၅ တို့ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကိုငါးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသိန်းထက် မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်ပြင် ပြစ်မှုနှင့်သက်ဆိုင်သော ပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။
၃၉။ မည်သူမဆို ပုဒ်မ၃၆ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်နှစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
0 comments:
Note: Only a member of this blog may post a comment.