Sunday, February 28, 2016

Labour App


Labour App တွင် ၂၀၁၆ ခုနှစ်၊ ဆိုင်များနှင့် အလုပ်ဌာနများဥပဒေ၊ ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေနှင့် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေတို့ ပါဝင်ပါသည်။


၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေနှင့် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေတို့ကို ပြင်ဆင်သည့် ဥပေဒေများအား ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ပြင်ဆင်ဖြည့်စွက် ဖော်ပြထားပါသည်။ 


Download Link : Labour App

Saturday, February 20, 2016

အလုပ်ရုံများအက်ဥပဒေပါ အသက်အရွယ်၊ အလုပ်လုပ်ချိန်နှင့် ပြစ်ဒဏ်များ



အလုပ်ရုံများအက်ဥပဒေ အဓိပ္ပာယ်ဖော်ပြချက်များတွင်

 "ကလေး" ဆိုသည်မှာ၊ အလုပ်လုပ်ကိုင်နိုင်ရန် မှတ်ပုံတင်ဆရာဝန်က ခွင့်ပြုသည့် အသက်တစ်ဆယ့်လေးနှစ်ပြည့်ပြီး အသက်တစ်ဆယ့်ခြောက်နှစ်မပြည့်သေးသူကို ဆိုလိုသည်။

 "လူရွယ်"ဆိုသည်မှာ၊ အသက်တဆယ့်ခြောက်နှစ်ပြည့်ပြီး အသက်တစ်ဆယ့်ရှစ်နှစ်မပြည့်သေးသူကို ဆိုလို သည်။

"လူငယ်" ဆိုသည်မှာ၊ "ကလေး" နှင့် "လူရွယ်" ကို ဆိုလိုသည်။

"လူကြီး" ဆိုသည်မှာ၊ အသက်ဆယ့်ရှစ်နှစ်ပြည့်ပြီးသူကို ဆိုလိုသည်။



  "အလုပ်သမား" ဆိုသည်မှာ၊ ပြုလုပ်မှုလုပ်ငန်းစဉ် တခုခုတွင်ဖြစ်စေ၊ ပြုလုပ်မှုလုပ်ငန်းစဉ်အတွက် အသုံးပြု သည့်စက်၏၊ သို့တည်းမဟုတ် အဆောက်အဦ၏ အစိတ်အပိုင်းတခုခုကို စင်ကြယ်အောင် တိုက်ချွတ်ရာ တွင်ဖြစ်စေ၊ ပြုလုပ်မှုလုပ်ငန်းစဉ်၌၊ သို့တည်းမဟုတ် ထိုလုပ်ငန်းစဉ်မှထွက်သောအရာ၌ပါဝင်သော အလုပ် တခုခုတွင်ဖြစ်စေ၊ ပြုလုပ်မှုလုပ်ငန်းစဉ်နှင့်၊ သို့တည်းမဟုတ် ထိုလုပ်ငန်းစဉ်မှ ထွက်သော အရာနှင့် သက်ဆိုင်သော အလုပ်တခုခုတွင်ဖြစ်စေ အခနှင့်သော်လည်းကောင်း၊ အခမဲ့သော်လည်းကောင်း ခိုင်းစေခံ ရသောသူကို ဆိုလိုသည်။ ယင်းစကားရပ်တွင် ပြုလုပ်မှုလုပ်ငန်းစဉ်နှင့် မသက်ဆိုင်သည့်နေရာ သို့မဟုတ် ပြုလုပ်မှုလုပ်ငန်းစဉ်နှင့် ဆက်စပ်သော နေရာတစ်ခုခုတွင် ကြီးကြပ်သူ၊ လုံခြုံရေး၊ ယာဉ်မောင်း၊ သန့်ရှင်းရေး၊ ထမင်းချက်၊ စာပို့သူ၊ ဥယျာဉ် လုပ်သားနှင့် အထွေထွေလုပ်သား စသည်တို့လည်းပါဝင်သည်။


 "ပြုလုပ်မှု လုပ်ငန်းစဉ်" ဆိုသည်မှာ -
        (ကက)    အထည်ဝတ္ထုတခုခုကိုဖြစ်စေ၊ အရာဝတ္ထုတခုခုကိုဖြစ်စေ၊ သုံးစွဲခြင်း၊ ရောင်းချခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ပေးအပ်ခြင်း၊ သို့တည်းမဟုတ် စီမံခန့်ခွဲခြင်း အလို့ငှာ ပြုလုပ်မှု၊ အသွင်ပြောင်းလဲစေမှု၊ ပြုပြင်မှု၊ မွမ်းမံမှု၊ အပြီးသတ်မှု၊ ထုပ်ပိုးမှု၊ ဆီထည့်မှု၊ ဆေးကြောမှု၊ တိုက်ချွတ်မှု၊ ခွဲစိတ်မှု၊ ခြေမှုန်းမှု၊ အခြားနည်းစီရင်မှု၊ သို့တည်းမဟုတ် သင့်လျော်အောင် အခြားနည်းဖြင့် ပြုပြင်စီရင်မှု၊
        (ခခ)    ဆီကိုဖြစ်စေ၊ ရေကိုဖြစ်စေ၊ သို့တည်းမဟုတ် မိလ္လာရေကိုဖြစ်စေ၊ စုတ်မှု၊ ထုတ်မှု၊
        (ဂဂ)    အားကိုဖြစ်ပွားစေမှု၊ ပြောင်းလဲစေမှု၊ ပေးပို့မှု၊
        (ဃဃ)    စာပုံနှိပ်မှု၊ မိတ္တူကူးယူလုပ်ကိုင်မှု၊ ကျောက်ပုံနှိပ်မှု၊ ဓါတ်ပုံကူးယူပုံနှိပ်မှု၊ သို့တည်းမဟုတ်အခြားအလားတူလုပ်ကိုင်မှု၊ သို့တည်းမဟုတ် ကုန်သွယ်မှုကိစ္စအတွက်ဖြစ်စေ၊ အမြတ်အစွန်းရရန်ကိစ္စအတွက်ဖြစ်စေ၊ စာအုပ် ချုပ်လုပ်မှု၊ သို့တည်းမဟုတ် ယင်းသို့သော ကိစ္စအတွက် လုပ်သောလုပ်ငန်းနှင့် အကြောင်း အားလျော်စွာ ဆက်သွယ်လုပ်သည့် စာအုပ်ချုပ်လုပ်မှု၊
        (ငင)    သင်္ဘောကိုဖြစ်စေ၊ ရေယာဉ်ကိုဖြစ်စေ၊ အခြားယာဉ်တစ်မျိုးမျိုးကိုဖြစ်စေ၊ တည်ဆောက်မှု၊ ပြန်လည်တည်ဆောက်မှု၊ ပြုပြင်မှု၊ ပြန်လည်တပ်ဆင်မှု၊ သို့တည်းမဟုတ် ဖျက်ခွဲမှု  တခုခုအတွက်လုပ်ရသောလုပ်ငန်းကို ဆိုလိုသည်။ 
        (စစ)    လျှပ်စစ်နှင့် အီလက်ထရောနှစ် နည်းပညာဆိုင်ရာပစ္စည်းများ တည်ဆောက်မှု၊ ပြန်လည်တည်ဆောက်မှု၊ ပြုပြင်ထိန်းသိမ်းမှု၊ ပြန်လည်တပ်ဆင်မှု၊ အပြီးသတ်ထုတ်လုပ်မှု သို့မဟုတ် ပြန်လည်အသုံးပြုရန်စီမံမှု၊
        (ဆဆ)    ဓာတုပစ္စည်းများ စမ်းသပ်ခြင်း၊ ထုတ်လုပ်ခြင်း၊ ရောစပ်ခြင်း၊ ထုပ်ပိုးခြင်း၊ ရွှေ့ပြောင်းခြင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ကိုင်ရသောလုပ်ငန်း။

      
"အလုပ်ရုံ" ဆိုသည်မှာ၊ အလုပ်သမား ၅ ဦးနှင့်အထက် အလုပ်လုပ်ကိုင်နေသည့် သို့မဟုတ် လွန်ခဲ့သည့် ၁၂ လအတွင်း မည်သည့်ရက်တွင်မဆို အလုပ်လုပ်ကိုင်နေခဲ့သည့်အပြင် ပြုလုပ်မှုလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်သော အစိတ်အပိုင်းတစ်ခုခုတွင်၊ အားအကူအညီဖြင့် လုပ်ကိုင်နေသည့်၊ သို့မဟုတ် သာမန်အားဖြင့် လုပ်ငန်းဆောင်ရွက်သည့် အဆောက်အအုံ တစ်ခုခုနှင့်တကွ၊ ဥပစာကိုပါဆိုလိုပြီး အလုပ်သမား ၁၀ ဦးနှင့်အထက် အလုပ်လုပ်ကိုင်နေသည့် သို့မဟုတ် လွန်ခဲ့သည့် ၁၂ လအတွင်း မည်သည့်ရက်တွင်မဆို အလုပ်လုပ်ကိုင်နေခဲ့သည့်အပြင်၊ ပြုလုပ်မှုလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်သော အစိတ်အပိုင်းတစ်ခုခုတွင်၊ အားအကူအညီမရှိဘဲ လုပ်ကိုင်နေသည့် သို့မဟုတ် သာမန်အားဖြင့် ယင်းသို့လုပ်ကိုင်သည့် အဆောက်အအုံတစ်ခုခုနှင့်တကွ ဥပစာလည်း ပါဝင်သည်။ ထို့ပြင် အလုပ်သမားတစ်ဦးနှင့်အထက် အလုပ်လုပ်ကိုင်နေသည့် မော်တော်ယာဉ်ပြင်ဆင်ရာဌာန၊ မော်တော်ယာဉ် ဆေးသုတ်ရာဌာန၊ စာပုံနှိပ်ဌာနနှင့် ဆီကြိတ်ဌာနများ ပါဝင်သည့်အပြင် လိုအပ်ပါက အခြားအလုပ်ဌာနများကိုလည်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်နိုင်သည်။ သို့ရာတွင် မြန်မာ့သတ္တုတွင်း ဥပဒေနှင့်သက်ဆိုင်သည့် သတ္တုတွင်းမပါဝင်။

 ရက်သတ္တပတ်အလုပ်ချိန်နာရီများ။

 ပုဒ်မ ၅၉။    ။ အလုပ်ရုံတွင် မည်သည့်လူကြီးအလုပ်သမားကိုမျှ ရက်သတ္တပတ်တပတ်လျှင်၊ လေးဆယ့်လေးနာရီ ထက်ပို၍ အလုပ်မလုပ်စေရ၊ သို့တည်းမဟုတ် လုပ်ခွင့်မပြုရ။

သို့ရာတွင် အလုပ်ရုံ၌ အလုပ်လုပ်နည်းနှင့် စပ်လျဉ်းသည့် အကြောင်းထူးများကြောင့်၊ တရက်ပတ်လုံး အဆက်မပြတ် လုပ်ရမည့်အလုပ်တွင် လုပ်သည့်လူကြီး အလုပ်သမားသည်၊ ရက်သတ္တပတ်တွင်လေးဆယ့်ရှစ်နာရီမျှ အလုပ်လုပ်နိုင်သည်၊၊


ရက်သတ္တပတ်အလုပ်ပိတ်ရက်များ။

၆၀။    ။(၁)    မည်သည့်လူကြီးအလုပ်သမားကိုမျှ၊ အောက်ပါအချက်များနှင့် မညီညွတ်လျှင်၊ တနင်္ဂနွေနေ့၌ အလုပ်ရုံတွင် အလုပ်မလုပ်စေရ၊ သို့တည်းမဟုတ် လုပ်ခွင့်မပြုရ --
    (က)    ထိုအလုပ်သမားသည်၊ တနင်္ဂနွေနေ့မတိုင်မီ သုံးရက်အနက်၊ တရက်ရက်တွင် အလုပ်ပိတ်ရက် တရက်လုံးရပြီဖြစ်စေရမည်၊ သို့တည်းမဟုတ် ထိုတနင်္ဂနွေနေ့ နောက်သုံးရက်အနက် တရက်ရက်တွင် အလုပ်ပိတ်ရက် တရက်လုံးရမည် ဖြစ်စေရမည်၊ ထို့ပြင်
    (ခ)    အလုပ်ရုံမန်နေဂျာသည် ထိုတနင်္ဂနွေနေ့၊ သို့တည်းမဟုတ် အပိုဒ် (က) အရ၊ ထိုနေ့အဘို့ အစားသွင်း သည့်နေ့၊ ထိုနေ့များ အနက် အလျင်ကျသည့်နေ့ မတိုင်မီ -
    (ကက) ရက်သတ္တပတ် အလုပ်ပိတ်ရက်များ၌ လုပ်ငန်းလိုအပ်ချက်အရ အလုပ်လုပ်စေရန် လိုအပ်ပါက အလုပ်သမား၏ သဘောတူညီချက်ဖြင့် လုပ်ငန်းပိုင်ရှင် သို့မဟုတ် မန်နေဂျာသည် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန သို့မဟုတ် ယင်းဦးစီးဌာနက လွှဲအပ်ထားသည့် စစ်ဆေးရေးအရာရှိထံသို့ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ အနည်းဆုံးသုံးရက် ကြိုတင်၍ တင်ပြပြီး ခွင့်ပြုချက်ရရှိမှသာ လုပ်ကိုင်စေရမည်။ ထို့ပြင်
    (ခခ)    အနည်းဆုံး နှစ်ဆယ့်လေးနာရီက ကြိုတင်၍ ယင်းသို့ ကြံရွယ်ကြောင်း နို့တစ်စာကို အလုပ်ရုံတွင် မြင်သာ အောင်ကပ်ထားပြီးဖြစ်ရမည်ပြင် ထိုနေ့များအနက်၊ နောက်ကျသည့်နေ့ ကုန်ဆုံးသည်အထိ ကပ်ထားရမည်။
    သို့ရာတွင် အလုပ်သမားတစ်ဦးဦးအား အလုပ်ပိတ်ရက် တရက်လုံးမရဘဲ၊ အဆက်မပြတ်ဆယ်ရက်ထက်ပို၍ အလုပ် လုပ်ရ ခြင်းကိုဖြစ်စေမည့် မည်သည့်ရက်အစား သွင်းခြင်းကိုမျှ မပြုရ။
    (၂)    ပုဒ်မခွဲ (၁) အရ ပေးသည့်နို့တစ်စာများကို တနင်္ဂနွေနေ့၊ သို့တည်းမဟုတ် ပယ်ဖက်မည်ဖြစ်သည့် အလုပ်ပိတ်ရက်၊ ထိုနေ့များအနက် အလျင်ကျသည့်နေ့မတိုင်မီ ရက်တရက်ထက် နောက်မကျဘဲ၊ စစ်ဆေးရေးအရာရှိ၏ ရုံးသို့ပေးအပ်သည့် နို့တစ်စာဖြင့်၎င်း၊ ပုဒ်မ ၆၇ အရ ကပ်ထားသည့်အချိန် နို့တစ်စာ၏အနီးတွင် [မြင်သာအောင် ကပ်ထားသည့် နို့တစ်စာဖြင့်၎င်း] `ပယ်ဖြတ်နိုင်သည်။
    (၃)    ပုဒ်မခွဲ (၁) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အလုပ်သမားသည် တနင်္ဂနွေနေ့၌ အလုပ်လုပ်၍၊ ထိုနေ့မတိုင်မီ သုံးရက်အနက် တရက်ရက်တွင် အလုပ်ပိတ်ရက်ရပြီး ဖြစ်သည့်အချက်တွင်၊ ထိုတနင်္ဂနွေနေ့ကို ထိုအလုပ်သမား ရက်သတ္တပတ် အလုပ်လုပ်သည့်အချိန် တွက်ချက်ရန်အလို့ငှါ၊ လွန်ခဲ့သည့်ရက်သတ္တပတ်တွင် ထည့်သွင်းရမည်။

အစားပေးသည့် အလုပ်ပိတ်ရက်များ

၆၁။    ။    (၁)    ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များအရ၊ အလုပ်ရုံကို၊ သို့တည်းမဟုတ် အလုပ်ရုံတွင် အလုပ်လုပ် သူများကို၊ ပုဒ်မ ၆၀ ရှိ ပြဋ္ဌာန်းချက်များမှ ကင်းလွတ်ခွင့်ပြုသည့် အမိန့်ချမှတ်ခြင်းကြောင့်ဖြစ်စေ၊ နည်းဥပဒေ ပြုခြင်း ကြောင့်ဖြစ်စေ၊ ထိုပုဒ်အရှိ ပုဒ်မခွဲ (၁) ဖြင့် ပြဋ္ဌာန်းထားသည့် ရက်သတ္တပတ် အလုပ်ပိတ်ရက်များအနက်၊ တရက်ရက်ကို အလုပ်သမားအား ခံစားခွင့်မပေးလျှင်၊ ထိုသူအား အလုပ်ပိတ်ရက်များရသင့်သည့် ပြက္ခဒိန်လ အတွင်းတွင် ဖြစ်စေ၊ နောက်လာမည့် ပြက္ခဒိန်လ နှစ်လအတွင်းဖြစ်စေ၊ မိမိဆုံးရှုံးသော အလုပ်ပိတ်ရက် အရေအတွက်နှင့်ညီမျှသော အစားပေး သည့် အလုပ်ပိတ်ရက်များကို ခွင့်ပြုရမည်။
    (၂)    အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ ပုဒ်မခွဲ (၁) တွင် ပြဋ္ဌာန်ထားသည့် အလုပ်ပိတ်ရက်များကို မည်သို့မည်ပုံ ခွင့်ပြ ရမည်ဟု ပြဋ္ဌာန်းနိုင်သည်။

 

နေ့စဉ်အလုပ်ချိန်နာရီများ

၆၂။    ။ ပုဒ်မ ၅၉ ပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ မည်သည့်လူကြီး အလုပ်သမားကိုမျှ အလုပ်ရုံ၌ မည်သည့် ရက်တွင်မဆို အလုပ်ချိန်နာရီပေါင်း ရှစ်နာရီထက်ပို၍ အလုပ်မလုပ်စေရ သို့တည်းမဟုတ် လုပ်ခွင့်မပြုရ။
 အားလပ်ချိန်များ

ပုဒ်မ ၆၃။    ။ အလုပ်ရုံရှိ လူကြီးအလုပ်သမားများ၏ ရက်အသီးသီးတွင် အလုပ်လုပ်သည့် ကာလအပိုင်းအခြား များကို သတ်မှတ်ရာ၌၊ မည်သည့်ကာလ အပိုင်းအခြားမျှ ငါးနာရီထက်မပိုစေရ၊ ထို့ပြင် မည်သည့် အလုပ်သမားကိုမျှ အနည်းဆုံး နာရီဝက်နားနေရန် အားလပ်ချိန်မရသေးမီ ငါးနာရီထက်ပို၍ တဆက်တည်းအလုပ်မလုပ်စေရ။
ရှင်းလင်းချက်    ။    ။အနည်းဆုံး နာရီဝက် အားလပ်ချိန်ဖြင့် ခြားမနေသော အလုပ်ကာလ အပိုင်းအခြားကို တဆက်   တည်းလုပ်ရသော အလုပ်ကာလ အပိုင်းအခြားဟူ၍ ယူဆရမည်။ 

နေ့စဉ်အလုပ်ချိန်အစအဆုံးကန့်သတ်ချက်။

၆၄။    ။ အလုပ်ရုံတွင်၊ လူကြီးအလုပ်သမား အလုပ်လုပ်သည့် ကာလ အပိုင်းအခြားများနှင့် ပုဒ်မ ၆၃ အရ၊ ထိုသူရရှိသည့် အားလပ်ချိန်များသည် နာရီပေါင်း ဆယ်နာရီထက်ပို၍ မကြာရအောင် စီမံထားရမည်။ သို့ရာတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ယေဘုယျ အားဖြင့်ဖြစ်စေ၊ သီးခြားဖြစ်သော အလုပ်ရုံအတွက်ဖြစ်စေ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနပြဋ္ဌာန်းသည့် စည်းကမ်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ထိုနာရီပေါင်းထက်ပို၍ စီမံထားနိုင်သည်။

ညဥ့်လှည့်များ။

 
၆၅။    ။ အလုပ်သမားသည် ညဥ့်သန်းခေါင်ချိန်ထက် ကျော်လွန်၍ လုပ်သည့်အလှည့်၌ အလုပ်လုပ်လျှင်၊ ထိုသူအတွက် နောက်လာမည့်နေ့မှာ ယင်းသို့သော အလှည့်ကုန်သည့် အခါကစ၍ နှစ်ဆယ့်လေးနာရီ ကာလအပိုင်းအခြား ဖြစ်သည်ဟု မှတ်ယူရမည့်အပြင်၊ ညဥ့်သန်းခေါင်ချိန်ကျပြီးနောက်၊ ထိုသူအလုပ်လုပ်သည့် အချိန်နာရီများကို လွန်ခဲ့သည့် ရက်ထဲသို့ ထည့်၍ တွက်ရမည်။
    သို့ရာတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် သီးခြားဖေါ်ပြထားသည့် အလုပ်ရုံဖြစ်လျှင် နောက်လာမည့်ရက်မှာ ယင်းသို့သော အလှည့် အစပြုသည့်အခါကစ၍၊ ရေတွက်သော နှစ်ဆယ့်လေးနာရီကာလ အပိုင်းအခြားဖြစ်သည်ဟု မှတ်ယူရမည်ဟူ၍၄င်း၊ ညဉ်းသန်းခေါင်မတိုင်မီ အလုပ်လုပ်သည့် အချိန်နာရီများကို နောက်လာမည့်ရက်ထဲသို့ ထည့်၍တွက်ရမည် ဟူ၍၄င်း၊ အမိန့်စာဖြင့် ဆင့်ဆိုနိုင်သည်။

ထပ်နေသောအလှည့်များကိုတားမြစ်ခြင်း။

 
၆၆။    ။ (၁) အလုပ်ရုံတွင် တမျိုးတည်းသောအလုပ်၌ တချိန်တည်း အလှည့်ကျလူစုတစ်စု ထက်ပို၍လုပ်ရန် စီစဉ်ထား သောအလှည့်ကျလုပ်သည့် စံနစ်ဖြင့်အလုပ်မလုပ်ရ။
      (၂)    အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ အလုပ်ရုံတခုခုကိုဖြစ်စေ၊ အလုပ်ရုံအမျိုးအစား တခုခုကိုဖြစ်စေ၊ ပြဋ္ဌာန်းသည့် စည်းကမ်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ပုဒ်မခွဲ (၁) နှင့် သက်ဆိုင်ခြင်းမှ ကင်းလွတ်စေသည့် နည်းဥပဒေများကို ပြုနိုင်သည်။


 ကင်းလွတ်ခွင့်ပြုသည့် နည်းဥပဒေများ ပြုပိုင်ခွင့် အာဏာ။

၇၀ ။    ။    (၁) အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ အလုပ်ရုံတွင် ကြီးကြပ်ရှုကြည့်သည့်အလုပ်၊ သို့တည်းမဟုတ် စီမံအုပ်ချုပ်သည့် အလုပ်လုပ်သူတို့ကိုသော်၎င်း၊ လျှိုဝှက်အပ်သည့် အလုပ်တွင် ခိုင်းစေထားသူတို့ကိုသော်၎င်း၊ အဓိပ္ပါယ်ဖော်ပြသည့် နည်းဥပဒေများ ပြုနိုင်သည့်ပြင်၊ ဤအခန်းရှိ ပြဋ္ဌာန်းချက် များသည်၊ ယင်းသို့သောအဓိပ္ပါယ်ဖော်ပြထားသူ တစ်ဦးဦးနှင့် မျှမသက်ဆိုင်စေရ။
            (၂)    အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ အလုပ်ရုံများရှိလူကြီး အလုပ်သမားများအတွက် နည်းဥပဒေများပြုနိုင်သည်။ ထိုနည်းဥပဒေများသည် ပြဋ္ဌာန်းထားသည့် စည်းကမ်းများချက်များနှင့် မဆန့်ကျင်စေဘဲ ပြဋ္ဌာန်းထားသည်အထိ --
        (က) အရေးတကြီးပြင်ရန်အလုပ်တွင် လုပ်သည့်အလုပ်သမားများကို ပုဒ်မ ၅၉၊ ၆၀၊ ၆၁၊ ၆၂၊ ၆၃ နှင့် ၆၄ ရှိပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမှ ကင်းလွတ်စေနိုင်သည်။
        (ခ)    အလုပ်ရုံဆိုင်ရာ အရပ်ရပ်လုပ်ကိုင်ဆောင်ရွက်မှုအတွက် ကန့်သတ်ထားသည့် အလုပ်ချိန်မှ လွန်လျက် လုပ်ရန် လိုအပ်သည် ကြိုတင်စီမံလုပ်ရသော အလုပ်မျိုးနှင့် ပြည့်စုံရန် လုပ်ရသော အလုပ်မျိုးတွင် လုပ်သည့် အလုပ်သမားများကို၊ ပုဒ်မ ၅၉၊ ၆၂၊ ၆၃ နှင့် ၆၄ ရှိပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမှ ကင်းလွတ်စေနိုင်သည်။
        (ဂ)    ကြိုးကြာ ကြိုးကြာမျှသာ လုပ်ရန်လိုခြင်းကြောင့် အလုပ်သမားများ အလုပ်ဝတ်တရားဆောင်ရွက်နေစဉ်၊ ထိုသူတို့ အလုပ်မလုပ်ဘဲနေရသည့် ကြားအချိန်နာရီများမှာ သာမန်အားဖြင့် ပုဒ်မ ၆၃ အရ လိုအပ် သည့်အားလပ်ချိန်များ၊ ထက်ပိုများလျှင် လိုအလုပ်မျိုတွင်းလုပ်သည်အလုပ်သမားများကို၊ ပုဒ်မ ၅၉၊ ၆၂၊ ၆၃၊ ၆၄ ရှိပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမှ ကင်းလွတ်စေနိုင်သည်။
        (ဃ)    အလုပ်လုပ်နည်းနှင့်စပ်လျဉ်းသည့် အကြောင်းထူးများကြောင့် တရက်ပတ်လုံး ၅၉၊ ၆၀၊ ၆၂၊ ၆၃၊ ၆၄ ရှိပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမှ ကင်းလွတ်စေနိုင်သည်။
        (င)    နေစဉ်ပြုရမည့်၊ သို့မဟုတ် နေစဉ်ထုတ်ပေးရမည် မရှိမဖြစ်သောပစ္စည်းများကိုပြုသည့်၊ သိုတည်းမဟုတ် ထုတ်ပေးသည့်အလုပ်သမားများကို ပုဒ်မ ၆၀ ရှိ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမှ ကင်းလွတ်စေ နိုင်သည်။
        (စ)    ရာသီဥတု တခုခုအတွင်းမှတစ်ပါး၊ အခြားရာသီဥတုများတွင် မလုပ်နိုင်သော ပြုလုပ်မှုလုပ်ငန်းစဉ်များတွင် လုပ်သည့်အလုပ်သမားများကို၊ ပုဒ်မ ၆၀ ရှိပြဠာန်းချက်များနှင့် သက်ဆိုင်ခြင်း မှ ကင်းလွတ်စေနိုင်သည်။
        (ဆ) ဥတုမမှန်ကန်မှုကို အကြောင်းပြု၍ ရံဖန်းရံခါးသာလုပ်ရသော ပြုလုပ်မှု လုပ်ငန်းစဉ်များတွင် လုပ်သည့် အလုပ်သမားများကို  ပုဒ်မ ၆၀ နှင့်၆၄ များရှိ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုခြင်းမှ ကင်းလွတ်စေနိုင်သည်။
        (ဇ)    ဘွိုင်လာအိုရုံးများတွင်ဖြစ်စေ၊ စက်ခန်းများတွင်ဖြစ်စေ၊ လုပ်သည့်၊ သို့တည်းမဟုတ် အားပေးစက်ကို ဖြစ်စေ၊ အားပို့စက်ကိုဖြစ်စေ၊ ကြည့်ရှုလုပ်သည့်အလုပ်၊ သမားများကို၊ ပုဒ်မ ၅၉ နှင့် ၆၀ ရှိပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမှ ကင်းလွတ်စေနိုင်သည်။

        (၃)    ကင်းလွတ်ခွင့်တခုခု ပြဠာန်းသည့်ပုဒ်မခွဲ (၂) အရပြုသောနည်းဥပဒေများသည်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက သင့်လျော် သည့် ထင်မြင့်သည့်အတိုင်း၊ နိုင်ငံတော်သမ္မတ ပြဋ္ဌာန်းသည့် စည်းကမ်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ပုဒ်မ ၆၇ ရှိ ပြဋ္ဌာန်း ချက်များမှ ကင်းလွတ်ခွင့်ပြုရန် ပြဋ္ဌာန်းနိုင်သည်။
        (၄)    ဤပုဒ်မအရ နည်းဥပဒေများပြုရာတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ အလုပ်သမားအမျိုးအစားအားလုံးအတွက်၊ ရက်သတ္တတပတ်တွင်အများဆုံးအလုပ်လုပ်သည့် အချိန်နှင့်စပ်လျဉ်း၍၊ ကန့်သတ်ချက်များ ပြဋ္ဌာန်းရမည်။ ပုဒ်မခွဲ (၂)၊ အပိုဒ်(က)အရခွင့်ပြုသည့်ကင်းလွတ်ချက်မှ တပါး၊ အခြားကင်းလွတ်ချက်များသည်၊ ထိုကန့်သတ်ချက်များနှင့် မဆန့်ကျင်ရ။
        (၅)    ဤပုဒ်မအရ ပြုသည့် နည်းဥပဒေများမှာ သုံးနှစ်ထက်ပို၍ အာဏာမတည်စေရ။
        (၆)    အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ ဤအခန်းရှိပြဋ္ဌာန်းချက်များကို အကျိုးသက်ရောက်စေရန် အလို့ငှာ၊ သင့်သည် ထင်မြင် သည့်အတိုင်း အခြားကိစ္စ ပြဋ္ဌာန်းရန် နည်းဥပဒေများပြုနိုင်သည်။


ကင်းလွတ်ခွင့်ပြုသည့်အမိန့်များပြုပိုင်ခွင့်အာဏာ

၇၁    ။    ။    (၁)    လုပ်သည့်အလုပ် အမျိုးအစားကြောင့်သော်၎င်း၊ အခြားအကြောင်းအချက်များကြောင့်သော်၎င်း၊ အလုပ်ရုံ တခုခုတွင်ဖြစ်စေ၊ အလုပ်ရုံအမျိုးအစားတခုခုတွင်ဖြစ်စေ၊ လုပ်သည့်အလုပ်သမားများ  အလုပ်လုပ်သည့်အချိန် ကာလ အပိုင်းအခြားများကို ကြိုတင်၍ သတ်မှတ်ရန် မသင့်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ မိမိသင့်လျော်သည့်ထင်မြင်သမျှ၊ သင့်လျော်သည်ထင်မြင်သည့် နည်းလမ်းအတိုင်း၊ အလုပ်လုပ်သည့် ကာလအပိုင်းအခြားများကို ထိရောက်စွာ ကြီးကြပ်အုပ်ချုပ်နိုင်ရန်၊ မိမိသင့်သည်ထင်မြင်သော စည်းကမ်းချက်များထားလျက်၊ ထိုအလုပ်သမားများနှင့်ပတ်သက်၍၊ ပုဒ်မ ၆၇ ရှိပြဋ္ဌာန်းချက်များကို အမိန့်စာဖြင့် လျှော့ပေါ့အတည်ပြုနိုင်သည်၊ သို့တည်းမဟုတ် ပြင်ဆင်နိုင်သည်။
         (၂)    အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနကသော်၎င်း၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ ကြီးကြပ်အုပ်ချုပ်ခြင်းကို လိုက်နာ၍၊ စစ်ဆေးရေးအရာရှိ ချုပ်ကသော်၎င်း၊ အလုပ်ရုံအား၊ သို့တည်းမဟုတ် အလုပ်ရုံများအား အထူးသဖြင့် များပြားလှသော အလုပ်များကို လုပ်နိုင်စေရန်အလို့ငှာ၊ ကင်းလွတ်ခွင့်ပြုရန်လိုအပ်သည်ဟူသော အကြောင်းအကြောင့် အလုပ်ရုံတခုခုတွင်ဖြစ်စေ၊ အလုပ်ရုံ စု၊ သို့တည်းမဟုတ်အလုပ်ရုံအမျိုး အစားတခုတွင်ဖြစ်စေ၊ လုပ်သည့်လူကြီးအလုပ်သမားတဦးဦးကို၊ သို့တည်းမဟုတ်လူကြီး အလုပ်သမားအားလုံးကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက၊ သို့တည်းမဟုတ် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က သင့်သည် ထင်မြင် သည့်စည်းကမ်း ချက်များထား၍၊ ပုဒ်မ ၅၉ ၊ ၆၀၊ ၆၂၊ ၆၄ နှင့် ၆၇ ရှိ ပြဋ္ဌာန်းချက်တခုခုမှ သို့တည်းမဟုတ် ပြဋ္ဌာန်းချက်အားလုံးမှ အမိန့်စာဖြင့် ကင်းလွတ်ခွင့်ပြုနိုင်သည်။
        (၃)    ရက်သတ္တတပတ်လျှင် လုပ်လုပ်သည့် အချိန်နှင့် စပ်လျဉ်း၍ ပုဒ်မခွဲ (၂) အရခွင့်ပြု့သည့် ကင်းလွတ်ချက် သည် ပုဒ်မ ၇၀၊ ပုဒ်မ (၄)အရ ပြဋ္ဌာန်းထားသည့် အမျာဆုံး အချိန်ကန့်သတ်ချက်များနှင့် မဆန့်ကျင်စေရ။
        (၄)    ပုဒ်မခွဲ (၂) အရ ထုတ်လုပ်သည့် အမိန့်သည်၊ ထိုအမိန့်တွင် သီးခြားဖော်ပြထားသည့် ကာလအပိုင်းအခြားမျှသာ အတည်ဖြစ်ရမည်။ သို့ရာတွင်အလုပ်ရုံ မန်နေဂျာအား၊ ထိုအမိန့်ထုတ်ဆင့်ကြောင်း နို့တစ်စာပေသည့်နေမှစ၍ နှစ်လထက်ပို၍ အတည်မဖြစ်စေရ။
        သို့ရာတွင် ပြည်သူ့အကျိုးငှာ လိုအပ်သည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ထင်မြင်သဘောရရှိလျှင်၊  အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် ပြန်တမ်းတွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍၊ ထိုအမိန့်အတည်ဖြစ်သည့် ကာလအပိုင်းအခြားကို အမိန့်ကြော်ငြာစာတွင် သီးခြားဖော်ပြသည့် ကာလအပိုင်းအခြားထိ၊ အခါအာလျော်စွာ တိုးမြှင့်ပေးနိုင်သည်။ ထိုသို့တိုးမြှင့်သော ကာလအပိုင်းအခြားသည် တကြိမ်လျှင် ခြောက်လထက်မပိုစေရ။

 
 အချိန်ပိုလုပ်ရသည့်အတွက် အခပို။

 ၇၃    ။    ။    (၁)    အလုပ်သမားတဦးတယောက်တည်း၊ အလုပ်ရုံတွင် ပုဒ်မ ၅၉ နှင့် ၆၂ တွင် သတ်မှတ်ထားသည့် အချိန်ထက်ပို၍ လုပ်ရလျှင်၊ ထိုသူသည် မိမိ အချိပိုလုပ်ရသည့်အတွက်၊  မိမိသာမန်ရရှိသည့် အခနှုန်း၏ နှစ်ဆ ရစေရမည်ပြင်၊ ရှားပါးစရိတ်ရနေလျှင် ထိုအချိန်ပိုလုပ်ရသည့် နေ့အတွက် ပေးမြဲနှုန်းအတိုင်း ရှားပါးစရိတ်ကိုလည်း ရစေရမည်။
            (၂)    အလုပ်ရုံတွင် အလုပ်သမားများကို ပုတ်ပြတ်နှုန်းပေါ်တွင် အခြေပြု၍ အခပေးလျှင်၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ဆိုင်ရာအလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ်များနှင့် တိုင်ပင်၍၊ ဤပုဒ်မအလို့ငှာ၊ အချိန်နာရီအလိုက် အခနှုန်းများကို ထိုအလုပ်သမားများ လုပ်၍ရသည့်ငွေ၏ပျမ်းမျှရနှုန်းနှင့် တူညီနိုင်သမျှ တူညီအောင် သတ်မှတ်ရမည်။ ထို့ပြင် ယင်းသို့သတ်မှတ်သည့် အခနှုန်းများသည် ဤပုဒ်မအလို့ငှာ၊ ထိုအလုပ်သမား၏ သာမန်အခနှုန်းများဖြစ်သည်ဟူ၍ မှတ်ယူရ မည်။
        (၃)    အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနသည်၊ ဤပုဒ်မရှိ ပြဋ္ဌာန်းချက်များကို လိုက်နာစေရန် အလို့ငှာ၊ အလုပ်ရုံတွင်ထားရှိရမည့် မှတ်ပုံစာအုပ်များကို သတ်မှတ်နိုင်သည်။
        (၄)    တရားရုံသည် ပုဒ်မ ၅၉ နှင့် ၆၂ တို့အရ အလုပ်သမားအားပေးရန် ပျက်ကွက်ခဲ့သည့် ပုဒ်မခွဲ (၁) ပါ ပြဌာန်းချက်ပါ အချိန်ပိုလုပ်ခကို ပေးထိုက်သည့်အကြောင်း ပေါ်ပေါက်ပါက ရထိုက်သော အချိန်ပိုလုပ်ခကိုပေးရန် တာဝန်ရှိသူက ထိုအလုပ်သမားအား ထုတ်ပေးရန် အမိန့်ချမှတ်ရမည်။

ရှင်းလင်းချက် ။    ။ ဤပုဒ်မအရပေးရမည့် အခပိုကို တွက်ချက်ရန်အလို့ငှာ "အခ" ဆိုသည်မှာ၊ မည်သည့်စရိတ်မျှမပါသော အခသက်သက်ဖြစ်သည့် ဟုမှတ်ယူရမည်။

 
တရက်တည်း၌ အလုပ်ရုံနှစ်ရုံတွင် အလုပ်လုပ်ခြင်းကို ကန့်သတ်ခြင်း။

၇၄    ။    ။    ပြဋ္ဌာန်းသတ်မှတ်သည့် အကြောင်းအချက်များတွင်မှတပါး မည်သည့် လူကြီးအလုပ်သမားကိုမျှ၊ အလုပ်ရုံတခု၌ အလုပ်လုပ်ပြီးဖြစ်လျှင်၊ ထိုနေ့၌ပင်အခြားအလုပ်ရုံတခု၌ အလုပ်မလုပ်စေရ၊ သို့တည်းမဟုတ် လုပ်ခွင့်မပြုရ။

ငယ်ရွယ်သော ကလေးများခိုင်းစေခြင်းကို တားမြစ်ခြင်း။

ပုဒ်မ ၇၅    ။    ။    အသက်တစ်ဆယ့်လေးနှစ်မပြည့်သေးသည့် မည်သည့်ကလေးကိုမျှ အလုပ်ရုံတခုခုတွင် အလုပ်မလုပ်စေရ၊ သို့တည်းမဟုတ် လုပ်ခွင့်မပြုရ။
ပုဒ်မ ၇၅-က။    ။ မည်သည့်လူငယ်ကိုမျှ ဘေးအန္တရာယ်ရှိစေသော၊ ကျန်းမာရေးထိခိုက်စေသော၊ ပညာသင်ကြားနိုင်သည့်အခွင့်အရေးကို အနှောင့်အယှက်ဖြစ်စေသော၊ စာရိတ္တနှင့် ဂုဏ်သိက္ခာကိုထိခိုက်စေသော နည်းလမ်းများဖြင့် အလုပ်ခိုင်းစေခြင်း မပြုရ။


ကလေးများအလုပ်လုပ်သည့်အချိန်။

၇၉ ။    ။ (၁)    မည်သည့်ကလေးကိုမျှ အလုပ်ရုံ၌ -
            (က)    မည်သည့်ရက်တွင်မျှ ပေါင်းလေးနာရီထက်ပို၍ မခိုင်းစေရ၊ သို့တည်းမဟုတ် အလုပ်လုပ်ခွင့်မပြုရ။
            (ခ)    ညနေခြောက်နာရီမှ နံနက်ခြောက်နာရီထိ အချိန်အတွင်းမခိုင်းစေရ၊ သို့တည်းမဟုတ် အလုပ်လုပ် ခွင့်မပြု ရ။
            (၂)    ကလေးအားလုံးတို့၏ အလုပ်လုပ်ချိန် ကာလအပိုင်းအခြားကို အလှည့်ချင်းမထပ်သော အလှည့်နှစ်လှည့် သာ ကန့်သတ်ထားရမည့်အပြင်၊ တလှည့်လျှင်လည်း အားလပ်ချိန်ပေးလျှင် ထိုအားလက်ချိန်နှင့် အလုပ်ချိန်ပေါင်းမှာ ငါးနာရီထက် မပိုစေရ။ ကလေးအသီးသီးကို အလျည့်ကျလူစုတွင်သာ ခိုင်းစေရမည်။ ထို့ပြင် ခိုင်းစေခံရသော ကလေးပါဝင် လုပ်သော အလှည့်ကျလူစုကို၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ သဘော တူညီချက်မရှိဘဲ၊ တလလျှင် တကြိမ်ထက်ပို၍ ပြောင်းလဲခြင်းမပြုရ။
        (၃)    ပုဒ်မ ၆၀ ရှိ ပြဌာန်းချက်သည်၊ ကလေးအလုပ်သမားများနှင့် လည်း သက်ဆိုင်စေရမည်။ ထို့ပြင် ကလေး နှင့် ပတ်သက်၍  ထိုပုဒ်မရှိ ပြဌာန်းချက်မှ ကင်းလွတ်ခွင့်မပြုရ။
        (၄)    မည်သည့်ကလေးကိုမျှ၊ အလုပ်ရုံတခု၌ အလုပ်လုပ်ပြီးဖြစ်သော ရက်တွင်၊ အခြားအလုပ်ရုံတခု၌ ခိုင်းစေ ခြင်းမပြုရ၊ သို့တည်းမဟုတ် အလုပ်လုပ်ခွင့်မပြုရ။


 ပြစ်ဒဏ်များနှင့် လိုက်နာဆောင်ရွက်ရန် နည်းလမ်း။

 ၈၅။    ။ အလုပ်ရုံ၊  သို့တည်းမဟုတ် အလုပ်ရုံဖြစ်သည်ဟု ဤအက်ဥပဒေတွင် ပြဋ္ဌာန်းထားသည့်၊ သို့တည်းမဟုတ် ဤအက်ဥပဒေအရ ကြေညာထားသည့်နေရာတခုခုတွင်သော်၎င်း၊ ထိုအလုပ်ရုံ၊ သို့တည်းမဟုတ် နေရာနှင့်စပ်လျဉ်း၍ သော်၎င်း၊ ဤအက်ဥပဒေရှိ ပြဋ္ဌာန်းချက်များကိုဖြစ်စေ၊ ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေများကိုဖြစ်စေ၊ သို့တည်း မဟုတ် ဤအက်ဥပဒေအရ စာဖြင့်ရေးသားချမှတ်သည့်အမိန့်ကိုဖြစ်စေ ဆန့်ကျင်လျှင်၊ အလုပ်ရုံမန်နေဂျာနှင့် လုပ်ငန်းပိုင်ရှင် တို့သည် ပြစ်မှုထင်ရှားစီရင်ခြင်းခံရသောအခါ၊ သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းနှစ်ဆယ်အောက် မနည်းသောငွေဒဏ်ဖြစ်စေ၊ သို့တည်းမဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည်။ ထို့ပြင် ယင်းသို့ပြစ်ဒဏ် စီရင်ခြင်းခံရပြီးနောက်၊ ဆက်လက် ဆန့်ကျင်ပါက၊ ထိုသူအသီးသီးသည် နောက်ထပ်ပြစ်မှုထင်ရှား စီရင်ခြင်းခံရမည့်ပြင်၊ ဤကဲ့သို့ ဆက်လက်ဆန့်ကျင်သည့် ရက်များအတွက် တရက်လျှင်၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ကိုလည်း စီရင်ခြင်းခံရမည်။
[ သို့ရာတွင် ---
    (၁) ။    ။    ပုဒ်မ ၅၉ ၏၊ သို့တည်းမဟုတ် ပုဒ်မ ၆၂ ၏ ပြဋ္ဌာန်းချက်ကို ဆန့်ကျင်သော အလုပ်ရုံမန်နေဂျာအား၊ သို့တည်းမဟုတ် လုပ်ငန်းပိုင်ရှင်အား ငွေဒဏ်စီရင်ရာ၌ တရားရုံးသည်၊ ကျပ်သိန်းနှစ်ဆယ်အောက် မနည်းသော ငွေဒဏ်ကိုဖြစ်စေ၊ ပုဒ်မ ၇၃ (၁)တွင် ပြဋ္ဌာန်းထားသည့် အချိန်ပိုလုပ်ခကြေးငွေ၏ နှစ်ဆနှင့်ညီမျှသော ငွေဒဏ်ကိုဖြစ်စေ၊ ထိုငွေဒဏ်နှစ်ရပ်အနက် များရာငွေဒဏ်ကို စီရင်ရမည်။
    (၂) ။    ။    အလုပ်ရုံမန်နေဂျာနှင့် လုပ်ငန်းပိုင်ရှင်နှစ်ဦးလုံးသည် ပြစ်ဒဏ်စီရင်ခြင်းခံရလျှင်၊ ဆန့်ကျင်မှု တစ်ခု တည်းနှင့် စပ်လျဉ်း၍ စီရင်ခြင်းခံရသည့် ငွေဒဏ်စုစုပေါင်းသည် ဆိုခဲ့သည့်ငွေဒဏ်များထက် မပိုစေရ။ ]


 အထက်က ပြစ်ဒဏ်စီရင်ခြင်းခံရဘူးသူများကို ပြစ်ဒဏ်တိုး၍ စီရင်ခြင်း။

 ၈၆။    ။ ပုဒ်မ ၈၅ အရ ပြစ်မှုထင်ရှား စီရင်ခြင်းခံရဘူးသူသည်၊ ယခင်က ဆန့်ကျင်ခဲ့သော ပြဋ္ဌာန်းချက်ကို နောက်ထက် ဆန့်ကျင်သည့် ပြစ်မှုအတွက် ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူသည် နောက်ထပ်ပြစ်ဒဏ်စီရင်ခြင်းခံရသောအခါ၊ ခြောက် လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ်သိန်းသုံးဆယ်မှ အများဆုံးကျပ်သိန်းငါးဆယ်ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ သို့တည်းမဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည်။
    သို့ရာတွင် ဤပုဒ်မအရ ပြစ်ဒဏ်စီရင်ရန်အလို့ငှာ နှစ်နှစ်ကျော်က ထိုသူအပေါ်တွင် ချမှတ်သည့်ပြစ်ဒဏ်ကို ထည့်သွင်းအရေးမယူရ။


ပြစ်မှုများကို အရေးယူခြင်း။

 ၉၇ ။    ။ (၁) စစ်ဆေးရေးအရာရှိက ဖြစ်စေ၊ စစ်ဆေးရေးအရာရှိ၏ စာဖြင့်ပေးသော အခွင့်အမိန့်ကို ကြိုတင်ရရှိပြီးမှဖြစ်စေ၊ စွဲဆိုသည့်အမှုမှတပါး၊ မည်သည့်တရားရုံးကမျှ ဤအက်ဥပဒေအရ ပြစ်မှုတခုခုကို အရေးမယူရ။
    (၂)    ဤအက်ဥပဒေအရဖြစ်စေ၊ ဤအက်ဥပဒေအရ ပြုသည့်နည်းဥပဒေ၊ သို့တည်းမဟုတ် အမိန့်အရဖြစ်စေ၊ ပြစ်ဒဏ်ထိုက်သည့် ပြစ်မှုတခုခုကို စီရင်ပိုင်ခွင့်အာဏာရှိသော တရားရုံးက စစ်ဆေးစီရင်ရမည်။


တရားစွဲဆိုနိုင်သည့် ကာလအပိုင်းအခြားကို ကန့်သတ်ခြင်း။

၉၈    ။    ။    ဤအက်ဥပဒေအရဖြစ်စေ၊ ဤအက်ဥပဒေအရ ပြုသည့်နည်းဥပဒေ၊ သို့တည်းမဟုတ် အမိန့်အရဖြစ်စေ၊ ပြစ်ဒဏ်ထိုက်သည့်ပြစ်မှုကို ကျူးလွန်သည်ဟု စစ်ဆေးရေးအရာရှိသိရှိသည့်နေ့မှ အပိုင်းအခြား ခြောက်လအတွင်း တိုင်တန်း လျှောက်ထားခြင်းမရှိလျှင်၊ ထိုပြစ်မှုကိုမည်သည့်တရားရုံးကမျှ အရေးမယူရ။
    သို့ရာတွင် ထိုပြစ်မှုသည် စစ်ဆေးရေးအရာရှိ စာဖြင့်ရေးသားချမှတ်သည့် အမိန့်ကို မလိုက်နာသည့် ပြစ်မှုဖြစ်သည့်အခါ၊ ထိုပြစ်မှုကျူးလွန်ကြောင်းကို ထိုပြစ်မှုကျူးလွန်သည်ဟုဆိုသည့်နေ့မှ ဆယ့်နှစ်လအတွင်း တိုင်းတန်းလျှောက်ထားနိုင်သည်။


၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ ပြဌာန်းချက်များမှ ပြဌာန်းချက်အချို့ကိုသာ
ကောက်နုတ် ဖော်ပြထားခြင်းဖြစ်ပါသည်။

Saturday, February 6, 2016

ဥပဒေအရ ကာကွယ်ခုခံပိုင်ခွင့်


မိမိကိုယ်အခြားသူတစ်ယောက်က ရန်ပြုတိုက်ခိုက်လာပါက ၎င်းအချိန်တွင် မိမိဘာပြန်လုပ်မလဲ။ မိမိကို တစ်စုံတစ်ယောက် လာကယ်တာ စောင့်မလား။ နောက်တစ်နေ့ တရားရုံးသွားပြီး ကျူးလွန်သူကို တရားစွဲမလား။

မိမိတို့နိုင်ငံ၏ ရာဇသတ်ကြီး အရ

Tuesday, February 2, 2016

တရားဝင် ပဋိညာဉ်မြောက်ရန် လိုအပ်ချက်များ



တရားဝင်ပဋိညာဉ်မြောက်ရန် လိုအပ်ချက်များနှင့် ပတ်သက်ပြီး ပဋိညာဉ် အက်ဥပဒေ ပုဒ်မ (၁၀)

Advertisement

Followers

Total Pageviews

Powered by Blogger.

Theme Support