Sunday, August 30, 2015

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ . apk

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ များအား

Monday, August 24, 2015

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ဇယား - ၂ . apk






ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ဇယား - ၂ ပါ ပုဒ်မများကို

Friday, May 8, 2015

ရာဇသတ်ကြီး . apk


          
ရာဇသတ်ကြီး ပုဒ်မ များအား
အခန်းလိုက် ပုဒ်မလိုက် ဖတ်ရှု နိုင်ပါသည်။

တရားတော်.apk



ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ

ယောဆရာတော်

အဂ္ဂမဟာပဏ္ဍိတ၊ တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက

(သ.စ.အ) စမ္မစာရိယ၊ အဂ္ဂမဟာအကျော်


ဆရာတော်ဘုရား ၏ တရားတော်များနှင့် သြဝါဒများအား ကြည်ညို နာယူနိုင်ရန်

အတွက် Application ပြုလုပ်ပူဇော်ထားခြင်းဖြစ်ပါသည်။

Download Link: တရားတော်

Saturday, April 25, 2015

ပိုင်နက်ပင်လယ်၏ ဥပဒေသဘောတရား


     
မြန်မာနိုင်ငံပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များဥပဒေကို နိုင်ငံတော်၏ အကျိုးစီးပွားအတွက် ပိုင်နက်ပင်လယ်၊ ဆက်စပ်ဇုန်၊ သီးသန့်စီးပွားရေးဇုန်နှင့် ကမ်းလွန်ရေတိမ်ပိုင်းတို့တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှု ရှိစေရန်၊ နိုင်ငံတော်၏ ပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များအတွင်းရှိ သဘာဝသယံဇာတများအား ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်၊ စနစ်တကျ ရေရှည်ထုတ်ယူသုံးစွဲရန်နှင့် အဏ္ဏဝါသိပ္ပံဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ နိုင်ငံတော်၏ ပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များအတွင်း ရေထု၊ လေထုနှင့် အဏ္ဏဝါပတ်ဝန်းကျင် ထိခိုက်ညစ်ညမ်းမှုများမှ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်တို့ကို ရည်ရွယ်၍ ပြဌာန်းခဲ့ပါသည်။

မြန်မာနိုင်ငံပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များဥပဒေ ပုဒ်မ ၅ တွင်  နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် ပိုင်နက်ပင်လယ်၊ ယင်းအောက်ရှိ ပင်လယ်ကြမ်းပြင်၊ အောက်ခံမြေထုနှင့် ယင်းအထက်ရှိ လေထုအထိ သက်ရောက်သည်။

မြန်မာနိုင်ငံပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များဥပဒေ ပုဒ်မ ၄ တွင် နိုင်ငံတော်၏ ပိုင်နက်ပင်လယ်သည် အခြေခံမျဉ်းများမှ ပင်လယ်ဘက်သို့ ရေမိုင် ၁၂ မိုင်အထိ ကျယ်ဝန်းသည်။

မြန်မာနိုင်ငံပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များဥပဒေ ပုဒ်မ ၁၇ တွင် နိုင်ငံတော်၏ ဆက်စပ်ဇုန်သည် ပိုင်နက်ပင်လယ်၏ ပြင်ပတွင်တည်ရှိပြီး ပိုင်နက်ပင်လယ်နှင့် တစ်ဆက်တည်းဖြစ်သည့်အပြင် အခြေခံမျဉ်းမှ ပင်လယ်ဘက်သို့ ရေမိုင် ၂၄ မိုင်အထိ ကျယ်ဝန်းသည်။

မြန်မာနိုင်ငံပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များဥပဒေ ပုဒ်မ ၁၉ တွင် နိုင်ငံတော်၏ သီးသန့်စီးပွားရေးဇုန်သည် ပိုင်နက်ပင်လယ်၏ ပြင်ပတွင်တည်ရှိပြီး ပိုင်နက်ပင်လယ် နှင့် တစ်ဆက်တည်းဖြစ်သည်။ ယင်းသီးသန့်စီးပွားရေးဇုန်သည် အခြေခံမျဉ်းမှ ပင်လယ်ဘက်သို့ ရေမိုင် ၂၀၀ ထိ ကျယ်ဝန်းသည်။

ပိုင်နက်ပင်လယ်ပြင်အတွင်း အပြစ်ကင်းစွာ ဖြတ်သန်းသွားလာခြင်း

ကုလသမဂ္ဂပင်လယ်ပြင်ဆိုင်ရာ ဥပဒေ Article (17) အရ ကုန်တွင်းပိတ်နိုင်ငံ တစ်နိုင်ငံမှဖြစ်စေ၊ ကမ်းရိုးတန်းရှိ နိုင်င်္ငတစ်နိုင်ငံမှဖြစ်စေ ပိုင်ဆိုင်သော သင်္ဘောများသည် အခြားကမ်းရိုးတန်း နိုင်ငံများ၏ ပိုင်နက်ပင်လယ်များအပေါ်မှ အပြစ်ကင်းမဲ့စွာ ဖြတ်သန်းသွားလာ ခုတ်မောင်းခွင့်ရှိကြပါသည်။

ဖြတ်သန်သွားလာခွင့်ဆိုရာတွင် -
(က) ထိုအခြားနိုင်ငံ၏ ပြည်တွင်းရေကြောင်းများနှင့် သင်္ဘောကုန်တင် ကုန်ချပြုလုပ်သည့် နေရာများ၊ ပြည်တွင်းရေကြောင်းလမ်းများ၏ အပြင်ရှိ ဆိပ်ကမ်းများတွင် ဝင်ရောက် ရပ်နားခြင်း မရှိစေရပါ။
(ခ) အခြားနိုငံ၏ ပိုင်နက်ပင်လယ်ပြင်ကို ဖြတ်သန်းရာတွင် ဆက်တိုင်နှင့် ဆောလျင်စွာ ဖြတ်သန်းရမည်ဖြစ်ပါသည်။

သို့ရာတွင် ဘေးဒုက္ခဆိုက်ရောက်နေသော လူ ၊ သင်္ဘောနှင့် လေယာဉ်ပျံများကို ကယ်ဆယ်ရန် အတွက် ခေတ္တခဏရပ်နားခြင်း၊ ကျောက်ချခြင်းများကိုမူ ယာယီပြုလုပ်ခွင့်ရှိပါသည်။ ထို့ပြင်ပင်လယ်ပြင် တွင် ကြုံတွေ့ရသော မလွှဲမရှောင်သာသည့် ဘေးအန္တရာယ်ကို ရှောင်လွှဲရန် အခြားနိုင်ငံများ၏ သင်္ဘောဆိပ်များတွင် ခေတ္တခဏ ခွင့်ပြုချက်ရယူ၍ အန္တရာယ်မှ ခိုလှုံရပ်နားခွင့်ရှိပါသည်။

မြန်မာနိုင်ငံပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များဥပဒေ ပုဒ်မ ၇ တွင်

ပိုင်နက်ပင်လယ်အတွင်း ဖြတ်သန်းနေစဉ် -

(က) မည်သည့်နိုင်ငံခြားရေယာဉ်မဆို နိုင်ငံတော်၏ တည်ဆဲဥပဒေများကို လိုက်နာရမည်။
(ခ) မည်သည့်နိုင်ငံခြားရေယာဉ်မဆို သဘာဝဘေးအန္တရာယ် သို့မဟုတ် တားဆီးရှောင်လွှဲခြင်း မပြုနိုင် သည့် အကြောင်းမှတစ်ပါး ပိုင်နက်ပင်လယ်အတွင်း ရပ်နားခြင်း၊ ကျောက်ချခြင်းမပြုဘဲ အတိုဆုံး လမ်းကြောင်းမှ ဖြတ်သန်းရမည်။
(ဂ) နိုင်ငံခြား ငါးဖမ်းရေယာဉ်သည် ပင်လယ်ခရီးထွက်သည့်အခါ ငါးဖမ်းပစ္စည်းကိရိယာများကို သိမ်းဆည်းထားရှိနေကျအတိုင်း စနစ်တကျ ထားရှိရမည်။
(ဃ) နိုင်ငံခြားသုတေသနရေယာဉ်သည် အစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ရရှိမှသာ သုတေသန လုပ်ငန်းကို ဆောင်ရွက်ရမည်။
(င) နိုင်ငံခြားရေငုပ်သင်္ဘောများနှင့် ရေအောက်တွင် သွားလာနိုင်သော အခြားယာဉ်များသည် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင်သာ ခုတ်မောင်းရမည့်အပြင် သက်ဆိုင်ရာအလံကို လွှင့်ထူရမည်။

မြန်မာနိုင်ငံပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များဥပဒေ ပုဒ်မ ၈ တွင်

နိုင်ငံခြားရေယာဉ်သည် ပိုင်နက်ပင်လယ်အတွင်း အပြစ်ကင်းသော ဖြတ်သန်းမှုပြုနေစဉ် အောက်ပါ ပြုလုပ်မှုတစ်ခုခုကို ပြုမူဆောင်ရွက်ပါက နိုင်ငံတော်၏ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး သို့မဟုတ် လုံခြုံရေးကို ထိပါးစေသည်ဟု မှတ်ယူရမည်-

(က) နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲမှု သို့မဟုတ် နိုင်ငံရေးလွတ်လပ်ခွင့်ကို သော်လည်းကောင်း၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အပြည်ပြည်ဆိုင်ရာ ဥပဒေ၏ သဘောတရားများ ကိုသော်လည်းကောင်း ချိုးဖောက်သော ခြိမ်းခြောက်မှု၊ အင်အားသုံးမှု သို့မဟုတ် အခြားပြုလုပ်မှုတစ်ခုခု ကို ပြုလုပ်ခြင်း၊
(ခ) မည်သည့်လက်နက် အမျိုးအစားကိုမဆို စမ်းသပ်ခြင်း၊ လေ့ကျင့်ခြင်း သို့မဟုတ် အသုံးပြုခြင်း၊
(ဂ) နိုင်ငံတော်၏ လုံခြုံရေး သို့မဟုတ် ကာကွယ်ရေးကို ထိပါးနှောင့်ယှက်စေမည့် သတင်းအချက် အလက်များ စုဆောင်းခြင်း၊
(ဃ) နိုင်ငံတော်၏ လုံခြုံရေး သို့မဟုတ် ကာကွယ်ရေးကို ထိပါးစေသော ဝါဒဖြန့်ခြင်း၊
(င) ရေယာဉ်ပေါ်သို့ မည်သည့်ယာဉ် အမျိုးအစားကိုမဆို အတက်အဆင်းပြုလုပ်ခြင်း သို့မဟုတ် အတင် အချ ပြုလုပ်ခြင်း၊
(စ) စစ်လက်နက်များကို ရေယာဉ်ပေါ်မှ ပစ်လွှတ်ခြင်း သို့မဟုတ် စစ်လက်နက်ကိရိယာများကို အတင် အချ ပြုလုပ်ခြင်း၊
(ဆ) နိုင်ငံတော်၏ အကောက်ခွန်၊ ငွေကြေး၊ လူဝင်မှုကြီးကြပ်ရေး သို့မဟုတ် ကျန်းမာသန့်ရှင်းရေး ဆိုင်ရာ တည်ဆဲဥပဒေများအရ ခွင့်ပြုထားခြင်းမရှိသောပစ္စည်း၊ ငွေ၊ လူပုဂ္ဂိုလ် သို့မဟုတ် တိရစ္ဆာန်ကို အတင်အချပြုလုပ်ခြင်း၊
(ဇ) ရေထု၊ လေထုနှင့် အဏ္ဏဝါပတ်ဝန်းကျင်ကို ညစ်ညမ်းစေရန်၊ ထိခိုက်ပျက်စီးစေရန် လုပ်ဆောင်ခြင်း၊
(ဈ) ငါးအပါအဝင် ရေနေသတ္တဝါများ၊ အပင်များကို တစ်နည်းနည်းဖြင့် ဖမ်းယူခြင်း၊ စုဆောင်းခြင်း၊ ငါးလုပ်ငန်းပြုလုပ်ခြင်း၊ ယင်းလုပ်ငန်းများအတွက် အထောက်အကူပြုလုပ်ငန်းနှင့် ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သဘာဝသယံဇာတများကို ပျက်စီးဆုံးရှုံး နစ်နာစေရန် ပြုလုပ်ခြင်း၊
(ည) သုတေသနလုပ်ငန်းများ သို့မဟုတ် တိုင်းတာမှု လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊
(ဋ) နိုင်ငံတော်၏ ဆက်သွယ်ရေးစနစ်၊ အခြားအထောက်အကူပြုပစ္စည်း၊ တပ်ဆင်ထားသော ပစ္စည်း ကိရိယာ သို့မဟုတ် အဆောက်အအုံများကို နှောင့်ယှက်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်မှုတစ်ခုခုကို ပြုလုပ်ခြင်း၊
(ဌ) အပြစ်ကင်းသော ဖြတ်သန်းမှုနှင့် တိုက်ရိုက်သက်ဆိုင်မှုမရှိသည့် အခြားဆောင်ရွက်ချက် တစ်ခုခုကို ပြုလုပ်ခြင်း။

မြန်မာနိုင်ငံပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များဥပဒေ ပုဒ်မ ၉ တွင်

နိုင်ငံခြားရေယာဉ်သည် ပိုင်နက်ပင်လယ်အတွင်း အပြစ်ကင်းသော ဖြတ်သန်းမှုကို ပြုရာတွင် သက်ဆိုင်ရာတည်ဆဲဥပဒေများကို လိုက်နာရမည့်အပြင် ပင်လယ်ပြင်၌ ရေယာဉ်တိုက်မှု ဖြစ်ပွားခြင်းကို ကာကွယ်ခြင်းနှင့်စပ်လျဉ်းသည့် အပြည်ပြည်ဆိုင်ရာစည်းမျဉ်းများကိုလည်း လိုက်နာရမည်။

မြန်မာနိုင်ငံပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များဥပဒေ ပုဒ်မ ၁၀ တွင်

၁၀။ (က) ရေနံတင် ရေယာဉ်များ၊ အဏုမြူစွမ်းအင်သုံး ရေယာဉ်များနှင့် အဏုမြူသဘောအရဖြစ်စေ၊ ပင်ကိုယ်သဘောအရဖြစ်စေ၊ အခြားသော အန္တရာယ်ဖြစ်စေသည့် သို့မဟုတ် အဆိပ်အတောက်ဖြစ်စေ သည့် ပစ္စည်းများကို သယ်ဆောင်သောရေယာဉ်များသည် နိုင်ငံတော်က ကန့်သတ်ထိန်းချုပ်ပြီး သတ်မှတ်ပေးသော ရေလမ်းကြောင်းအတိုင်း ဖြတ်သန်းသွားလာရမည်။
(ခ) ပုဒ်မခွဲ (က) အရ ဖြတ်သန်းရာတွင် သက်ဆိုင်ရာရေယာဉ်သည် လိုအပ်သော စာရွက်စာတမ်းများကို ယူဆောင်လာရမည့်အပြင် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များအရ ယင်းရေယာဉ်များအတွက် သတ်မှတ်ထားသည့် ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ အစီအမံများကိုလည်း လိုက်နာဆောင်ရွက်ရမည်။

ရေငုပ်သင်္ဘောများနှင့် အခြားရေအောက်သွားရေယာဉ်များ လိုက်နာရန်စည်းကမ်း

နိုင်ငံခြားရေငုပ်သင်္ဘောတစ်စင်း သို့မဟုတ် ရေအောက်တွင် လှုပ်ရှားသွားလာနိုင်သော ရေယာဉ်များသည် အခြားနိုင်ငံ၏ ပိုင်နက်ပင်လယ်ပြင်ကို အပြစ်ကင်းမဲ့စွာ ဖြတ်သန်းသွားလာမည်ဆိုလျှင် ရေပြင်ပေါ်မှသာ ခုတ်မောင်းသွားလာပိုင်ခွင့်ရှိပြီး မိမိနိုငံ၏အလံတော်ကို လွှင့်ထူပြသထားရမည်ဖြစ်ပါသည်။ (Article 20)

တားမြစ်ချက်များ

မြန်မာနိုင်ငံပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များဥပဒေ ပုဒ်မ ၃၀ မှ ၃၂ ထိ တားမြစ်ချက်များကို ပြဌာန်းထားပါသည်။

၃၀။ ဆက်စပ်ဇုန်၏ ပင်လယ်ကြမ်းပြင်တွင်တည်ရှိနေသော ရှေးဟောင်းဝတ္ထုပစ္စည်းနှင့် သမိုင်းဝင် ပစ္စည်းများအပါအဝင် မည်သည့်ဝတ္ထု ပစ္စည်းကိုမဆို အစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်မရရှိဘဲ မည်သူမျှ ရွှေ့ပြောင်းခြင်း မပြုရ။

၃၁။ မည်သူမျှ သီးသန့်စီးပွားရေးဇုန်တွင် အစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်မရရှိဘဲ အောက်ပါတစ်ခုခုကို မပြုလုပ်ရ-
(က) စူးစမ်းရှာဖွေခြင်း၊
(ခ) သဘာဝသယံဇာတများကို ဖမ်းယူခြင်း၊ တူးဖော်ခြင်း သို့မဟုတ် ထုတ်လုပ်ခြင်း၊
(ဂ) သုတေသန လုပ်ငန်းဆောင်ရွက်ခြင်း၊
(ဃ) မည်သည့်ရည်ရွယ်ချက်ဖြင့်မဆို တူးဖော်ထုတ်လုပ်ခြင်း သို့မဟုတ် တွင်းတူးခြင်း၊
(င) လူသားတို့ဖန်တီးသော ကျွန်း၊ ကမ်းလွန်စခန်း၊ အဆောက်အအုံနှင့် အခြားပစ္စည်းကိရိယာများကို တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်း သို့မဟုတ် အသုံးပြုခြင်း၊

၃၂။ မည်သူမျှ ကမ်းလွန်ရေတိမ်ပိုင်းတွင် အစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်မရရှိဘဲ အောက်ပါတစ်ခုခုကို မပြုလုပ်ရ-
(က) စူးစမ်းရှာဖွေခြင်း၊
(ခ) သဘာဝသယံဇာတများကို ဖမ်းယူခြင်း၊ တူးဖော်ခြင်း သို့မဟုတ် ထုတ်လုပ်ခြင်း၊
(ဂ) သုတေသန လုပ်ငန်းဆောင်ရွက်ခြင်း၊
(ဃ) မည်သည့်ရည်ရွယ်ချက်ဖြင့်မဆို ရှာဖွေခြင်း၊ တူးဖော်ခြင်း သို့မဟုတ် တွင်းတူးခြင်း၊
(င) လူသားတို့ဖန်တီးသော ကျွန်း၊ ကမ်းလွန်စခန်း၊ အဆောက်အအုံနှင့် အခြားပစ္စည်းကိရိယာများကို တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်း သို့မဟုတ် အသုံးပြုခြင်း၊
(စ) ရေအောက်ကေဘယ်လ်ကြိုး၊ ပိုက်လိုင်းများချခြင်း သို့မဟုတ် ပြုပြင်ထိန်းသိမ်းခြင်း။

မြန်မာနိုင်ငံပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များဥပဒေ ပုဒ်မ ၃၃ မှ ၃၇ ထိ  ပြစ်မှုနှင့် ပြစ်ဒဏ်များကို ပြဌာန်းထားပါသည်။

အဆိုပါတားမြစ်ချက်များနှင် ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်လျှင် ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။ ဖောက်ဖျက်ကျူးလွန်ရန် အားပေးကူညီလျှင်လည်း မူရင်းပြစ်မှုတွင် သတ်မှတ်ထားသည့် ပြစ်ဒဏ်အတိုင်း ချမှတ်ခံရမည်ဖြစ်သည်။ ထို့ပြင် ဖောက်ဖျက်ကျူးလွန်ရန် အားထုတ်လျှင် သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည် ဖြစ်သည်။  မြန်မာနိုင်ငံပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များဥပဒေ ပုဒ်မ ၇၊ ၈ သို့မဟုတ် ၁၀ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း သော်လည်းကောင်း၊ ဖောက်ဖျက်ကျူးလွန်ရန် အားထုတ်ခြင်း သို့မဟုတ် အားပေးကူညီခြင်းပြုလျှင် သော်လည်းကောင်း သက်ဆိုင်ရာ တည်ဆဲဥပဒေများအရ အရေးယူခြင်းခံရမည် ဖြစ်ပါသည်။




ကိုးကားချက်များ

မြန်မာနိုင်ငံပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များဥပဒေ

ဦးကျော်ညွန့် အငြိမ်းစား အပြည်ပြည်ဆိုင်ရာ ရေကြောင်းဥပဒေ ပါမောက္ခ ဒါလီယံရေကြောင်းတက္ကသိုယ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပင်လယ်ရေကြောင်း ဥပဒေများလက်စွဲ စာအုပ် စာ ၁၀၆ 

Advertisement

Followers

Total Pageviews

Powered by Blogger.

Theme Support